
ကျေးရွာအဆင့် ဒေသန္တရအုပ်ချုပ်ရေး၏ အဓိကတာဝန်နှင့် လုပ်ငန်းဆောင်တာများ The Knowledge Series သုတေသနစာစောင်အမှတ် (၁၀) တွင် ကျေးရွာအဆင့်ဒေသန္တရအုပ်ချုပ်ရေးအကြောင်းကိုတင်ပြထားပါသည်။ အပိုင်းသုံးပိုင်းပါဝင်ပြီး ပထမအပိုင်းတွင် ကျေးရွာအဆင့်ဒေသန္တရအုပ်ချုပ်ရေး၏ အဓိကတာဝန်နှင့်လုပ်ငန်းဆောင်တာများကိုဖေါ်ပြထားပါသည်။ ဒုတိယအပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာဒေသန္တရစည်းမျဉ်းဥပဒေများ(Bylaws)ကိုဖေါ်ပြထားပါသည်။ တတိယအပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာဒေသန္တရစည်းမျဉ်းဥပဒေများရေးဆွဲပြဋ္ဌာန်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကိုတင်ပြထားပါသည်။ ကျေးရွာအဆင့်ဒေသန္တရအုပ်ချုပ်ရေးသည် နိုင်ငံတစ်ဝန်းတွင် ကျေးလက်ဒေသနေပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့နေသည့် အခြေခံအကျဆုံးသောအုပ်ချုပ်ရေးဖြစ်ပါသည်။ ကျေးရွာပြည်သူလူထု၏နေ့စဉ်ဘဝကိုတိုက်ရိုက်သက်ရောက်မှုရှိသည့် အရေးကြီးသောအုပ်ချုပ်ရေးလည်းဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး၊ အေးချမ်းသာယာလှပသော နေချင့်စဖွယ်ကျေးရွာတစ်ခုဖြစ်စေရေးအတွက်လည်းအဓိကကျပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ၇၀% ခန့်သည်ကျေးလက်တွင်နေထိုင်ကြပြီး၊ ကျေရွာအဆင့်အုပ်ချုပ်ရေးစနစ်ကောင်းမွန်ရေးနှင့်ကျေးရွာ/ကျေးရွာအုပ်စုတိုင်းတွင် အရည်အချင်းရှိသောကျေးရွာအုပ်ချုပ်ရေးအဖွဲ့တည်ရှိရေးသည် တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင်ဦးစားပေးဆောင်ရွက်သင့်သည့်အရာဖြစ်ပါသည်။ ဤစာတမ်းပါဖေါ် ပြချက်များသည်အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကောင်းမွန်သောကျေးရွာအဆင့်ဒေသန္တရအုပ်ချုပ်ရေးစနစ်တည်ဆောက်ရေးအတွက်အထောက်အကူဖြစ်ရန်ရည်ရွယ်ပါသည်။
| selected citations These citations are derived from selected sources. This is an alternative to the "Influence" indicator, which also reflects the overall/total impact of an article in the research community at large, based on the underlying citation network (diachronically). | 0 | |
| popularity This indicator reflects the "current" impact/attention (the "hype") of an article in the research community at large, based on the underlying citation network. | Average | |
| influence This indicator reflects the overall/total impact of an article in the research community at large, based on the underlying citation network (diachronically). | Average | |
| impulse This indicator reflects the initial momentum of an article directly after its publication, based on the underlying citation network. | Average |
