
အမေရိကန်နှင့်တရုတ်အကြားပြိုင်ဆိုင်မှုများ၏ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ Knowledge Series အမှတ် (၃) တွင် အမေရိကန်နှင့်တရုတ်တို့၏ပြိုင်ဆိုင်မှုကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများနှင့်၊ ပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်မှုများအကြား မြန်မာနိုင်ငံအတွက် ရွေးချယ်နိုင်သော အခွင့်အလမ်းများအကြောင်းကို အကောင်းဆုံးထုတ်နှုတ်တင်ပြထားပါသည်။ နိုင်ငံတနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးသည် နိုင်ငံတကာဆက်ဆံရေးနှင့်လည်းဆက်စပ်မှုရှိပါသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများ၏အားပြိုင်မှု အိမ်နီးချင်းနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်စပ်သက်ရောက်မှုရှိပါသည်။ ဤစာတမ်းတွင် တရုတ်နှင့်အမေရိကန်တို့၏အားပြိုင်မှုမှမြန်မာ့ပြည်တွင်းရေးတွင်မည်သို့မည်ပုံသက်ရောက်နေသည်ကို စာရေးသူက မီးမောင်းထိုးပြထားပါသည်။ ထိုအားပြိုင်မှု့သည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းဖြစ်သကဲ့သို့ အန္တရာယ်ရှိသောအခြေအနေသို့လည်းရောက်သွားနိုင်ပါသည်။ ဤအခြေအနေမျိုးတွင် အချုပ်အခြာအာဏာပိုင်ဖြစ်သော မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏အကျိုးအတွက် ရပ်တည်ဆောင်ရွက်သွားနိုင်သောနည်းလမ်းနှင့်၊ အခွင့်အလမ်းများကိုဤစာတမ်းတွင်တွေ့ရှိရပါသည်။နိုင်ငံတစ်နိုင်ငံ၏အရေးသည် ထိုနိုင်ငံသားတိုင်း၏အရေးပင်ဖြစ်ပါသည်။ အယ်ဒီတာအဖွဲ့ The Knowledge Series Independent Study Groupmyanmarknowledgeseries@gmail.com ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်
| selected citations These citations are derived from selected sources. This is an alternative to the "Influence" indicator, which also reflects the overall/total impact of an article in the research community at large, based on the underlying citation network (diachronically). | 0 | |
| popularity This indicator reflects the "current" impact/attention (the "hype") of an article in the research community at large, based on the underlying citation network. | Average | |
| influence This indicator reflects the overall/total impact of an article in the research community at large, based on the underlying citation network (diachronically). | Average | |
| impulse This indicator reflects the initial momentum of an article directly after its publication, based on the underlying citation network. | Average |
